myanmarcatholiccommunityinnorway

Fr. Venesy X.mas 2009



ပညတ်တရား၏အရေးပါမှု့



     ပညတ်တရား၏ အရေးပါမှုကိုကျမ်းချက်နှင့်တကွပိုမိုလေးနက်စွာ လေ့လာ မယ်ဆိုရင်ဘုရားသခင်သည် အာဒံနှင့်ဧဝကိုဖန်ဆင်းပြီးလွတ်လပ်ပျော်ရွှင်စွာ နေခွင့် ကိုပေးထား သည်နှင့်အညီပညတ်တခုကိုလည်း ပေးထား ပါသည်။ ထိုအပင်၏အသီးကို မစားရ၊ စားသောနေ့ တွင်ဧကန်အမှန်သေရမည်။ (ကမ္ဘာဦး ၂း၁၇)သူတို့သည်ဘုရား ၏ ပညတ်ချက်ကို ချိုး ဖောက် ကျုးလွန်မိခဲ့ကြလို့ သုခချမ်းသာကို ဆုံးရှုံးခဲ့ရသည်။

သန့် ရှင်းမြင့်မြတ်သော(ကက်သလစ်)အသင်းတော်..


       ဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကိုငါတည်ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံ၏ တံခါတိုသည်မနိုင်ရာ။ ကောင်ကင် နိုင်ငံတော်၏သော့တိုကိုလည်းသင့်အား ငါပေး မည်။ သင်သည်မြေကြီးပေါ် မှာချည်နှောင် သမျှ သည် ကောင်းကင်ဘုံ၌လည်းချည်နှောင်လျှက်ရှိလိမ့်မည်။မြေကြီးပေါ်မှာ ဖြေလွှတ် သမျှသည်လည်းကောင်းကင်ဘုံ၌ လည်းဖြေလွှတ် လျှက်ရှိ လိမ့်မည်ဟုမိန့်တော်မူ၏....။


(ရှင်မဿဲခရစ်ဝင်-၁၆း၁၈-၁၉)

နံနက်စာကိုစားကြသည့်နောက်၊ယေဇူးက၊ယောန၏သားရှိမုန် ဤ သူတို့ သည် ငါ့ကိုချစ်သည်ထက်သင် သည်သာ ၍ချစ် သလောဟုရှိမုန်ပေတ ရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏ သခင်၊ ကိုယ်တော်ကိုကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော်မူ၏ဟုလျှောက် သော်ငါ၏ သိုးငယ်တို့ ကိုကျွေးမွှေးလော့ဟု မိန့်တော်မူ၏။ တဖန်ယေရုက၊ ယောန၏ သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော့ဟုဒုတိယ အကြိမ်မေးတော်မူလျှင်ဟုတ်ပါ၏ သခင်၊ကိုယ်တော်ကိုကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ငါ၏ သိုးတို ကိုထိန်း လော့ဟုမိန်တော်မူ၏၊ ယေရုကလည်း၊ယောန၏သားရှိမုန်၊သင်သည်ငါ့ကို ချစ်သလော့ဟုတတိယအကြိမ်မေးတော်မူလျှင်သင်သည် ငါ့ ကိုချစ်သ လော့ဟုသုံးကြိမ် မေးသောကြောင့်၊ပေတရုသည်စိတ်နာ သဖြင့် သခင်ကိုယ်တော်သည်ခပ်သိမ်းသောအရာ တို့ကိုသိတော်မူ၏၊ ကိုယ်တော့်ကိုကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော်မူ၏ လျှောက် သော်၊ ယေရုက ငါ၏သိုးတို့ ကို ကျွေးမွှေးလော့ဟုမိန့် တော်မူ ၏........။

(ရှင်ယောဟန်ခရစ်ဝင်-၂၁း၁၅-၁၇)



ဘုရားသခင်၏ ပညတ်တော်များ




      ဘုရားသခင်၏ အကြီးဆုံးပညတ်ကားအဘယ်နည်း။(၁)ဘုရားသခင် ကိုစိတ်နှစ်လုံးအကြွင်းမဲ့၊ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်ရန်။ (၂)နီးစပ်သောသူတို့ကိုကိုယ်နှင့်အ မျှချစ်ရန် ဖြစ်ပါသည်။ အချို့ သောပုဂ္ဂိုလ်များသည်ငါတို့သည်ဘုရားသခင်ကိုချစ်သည် ဘုရားသခင်ကိုချစ်ရုံနှင့်ပြီး ပြည့်စုံ ပြီဟုထင်တက်ကြပါသည်၊လွှဲမှားသောအယူအဆဖြစ် ပါသည်။ ဘုရားသခင်ကိုချစ်ပြီး ဘုရား သခင်ပြောသမျှ ဟောကြားသောမင်္ဂလာ တရား တော်များနှင့်ပညတ်တော်များကို မလိုက် နာ  ဘဲနေလျှင်ဘုရားသခင်ကိုချစ်ရာရောက် တယ်လိုသင်ပြောနိုင်ပါ သလား၊ဘုရားသခင်ကိုသင် ချစ်ကြောင်းဘယ်လိုသက်သေပြမ လဲ၊ သက်သေပြရန်လွယ်ကူပါတယ်၊ (ရှင်ယောဟန် ခရစ် ဝင် -၁၄း၁၅) မှာ ငါ့ကိုသင်တို့ ချစ်လျှင် ငါ့ပညတ်တော်ကစောင့်ထိန်း ကြလော့ ဟု ခရစ် တော်ယေဇူးမိန်တော်မူသော ကြောင့် ဘုရားသခင်၏ ပညတ်တော်များကိုစောင့်ထိန်းခြင်းဖြင့်  ဘုရားသခင်ကို ချစ် ကြောင်းသက်သေပြရမည်။ အချို့သောပုဂ္ဂိုလ်များ သည်၊ ပညတ်တော် ကို စောင့်ထိန်းသောသူတို့ သည်အကြောက်တရားကို လက်ကိုင်ထားကြသူများ ဖြစ်သည် ဟု ၎င်း၊ ငရဲရောက်မှာကြောက်သူများဖြစ်သည်ဟု၎င်း ပြောတက်ကြပါသည်။


ကမ္ဘာပေါ်ရှိခရစ်ယာန်ဘာသာများစတင်တည်ထောင်သည့်နှစ်များ


     ယေဇူးသခင်သည်၊သံပေတရုအားကောင်းကင်ရွှေနိုင်ငံသော့ကိုပေး၍သန့် ရှင်းမြင့်မြတ်သောကက်သ လစ် အသင်းတော်ကြီးအား အုပ်ချုပ်စေခဲ့သည်၊သံပေတရု နောက် ကက်သလစ်အသင်းတော် အား ရဟန်းမင်း ကြီးများအဆက်ဆက်အုပ်ချုပ်လာခဲ့ သည်မှာယခု ပုပ်ရဟန်းမင်းကြီး BENEDETTO XVIလက်ထက်အထိဖြစ်သည်။   ယေဇူးသခင်သည် ကက်သလစ် အသင်းတော်အား စက္ကမင်းတူ(၇)ပါးနှင့် တည်ထောင် အုပ်ချုပ်ခဲ့သည်။ 
 

ကားတိုင်ပေါ်၌ခရစ်တော်ပြောခဲ့သောစကား(၇)ခွန်း



၁။   အိုအဖသူတို၏အပြစ်ကိုလွှတော်မူပါ။သူတိုသည်ကိုယ်ပြုသောအမူကိုမသိကြ။

သူခိုးနှစ်ယောက်ကြားတွင် ကားတိုင်တင် ခံရချိန်သခင်ခရစ်တော်၏ပထမဆုံး သောစကား ပင်ဖြစ်သည်။ကိုယ်တော်သည်သူအားညှင်းပန်းနှိပ်ဆက်ကားတိုင်တင်ထား သောသူတို၏ အပြစ်ကို ခွင့်လွှတ်ယုံမျှမကခမည်တော်ဘုရားထံတွင်သူတို၏အပြစ်မျုား ကို အပြစ်များကိုခွင့်လွှတ်ပေးမည့် အ ကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ ဤသို့  ဆုတောင်းပေခြင်းဖြင့် ကိုယ်တော်သည် သူဟော ပြောခဲ့သော တရားဖြစ်သည့် မိမိ၏​ ရန်သူကိုချစ်ရမည် သူတို့ အတွက်ဆုတောင်ပေးရမည် (မာသဲ ၅း၄၄ ) ဟူသော တရားကို လက်တွေ့ ပြခြင်းဖြစ်သည်။